.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Saturday, January 21, 2012

ဇွဲနေ၀င်းနှင့်တွေ့စုံခြင်း

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများ
7Day News Journal — ၂ဝဝ၂ခုနှစ်မှစတင်၍ အစ်ကိုနှစ် ဦး ဖခင်တို့နှင့်အတူ ဖမ်းဆီးခံခဲ့ရ ပြီး နိုင်ငံတော်သမ္မတ၏ လွတ် ငြိမ်းချမ်းသာခွင့်ကြောင့် ဖခင်ဖြစ် သူနှင့်အတူလွတ်မြောက်လာသော ကိုဇွဲနေဝင်းနှင့်  ဇန်နဝါရီ ၆ရက်တွင်၎င်း ၏နေအိမ်တွင် တွေ့ဆုံမေးမြန်း ထားသည်များကိုပြန်လည်းကောက်နုတ်တင်ပြလိုက်ပါသည်။ကိုဇွဲနေဝင်းမှာ
ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏မြေး၊ ဒေါ်စန္ဒာဝင်း၏ သားဖြစ်သည်။ ၎င်းလွတ်မြောက်လာ သော်လည်းအစ်ကိုဖြစ်သူ ကျော်နေ ဝင်းနှင့် အေးနေဝင်း တို့မှာလွတ်မြောက်ခြင်း မရှိသေးပေ။
ကိုဇွဲနေဝင်း ထွက်လာပြီး ဘယ်တွေကို သွားပြီးသွားပြီလဲ။
ကျွန်တော်ပြန်ရောက်ပြီး တော့အန်ကယ်ဦးခင်ညွန့်ဆီသွားလိုက်တယ်။ အန်ကယ် ဦးခင်ညွန့်နဲ့လည်းတွေ့တယ်။ ရွှေတိဂုံဘုရားသွားသေးပါတယ်။ ရန်ကုန်မြို့ထဲနည်းနည်းပါးပါးရောက်တယ်။ဘယ်သူဘယ်ဝါနဲ့ မှတော့ သွားပြီးမတွေ့ရသေးဘူး။
အတွင်းထဲနေခဲ့တဲ့ အတွေ့အကြုံပြန်ပြောပြပေးပါလား။
အတွင်းထဲနေခဲ့တဲ့ အတွေ့ အကြုံကတော့ ကျွန်တော်ထွေထွေထူးထူးကြီးတော့ ပြောစရာမရှိပါဘူး။ထောင်စည်းကမ်း နဲ့ နေရင်တော့ထောင်လိုနေလို့ ရတာပေါ့။ အိမ်နဲ့မတူတာတွေပဲရှိပါတယ်။
လွတ်မယ်လို့ ကြိုပြီးသိထားလား။
ကြိုပြီးသိထားလားဆိုတော့ ကြေညာလိုက်တဲ့အချိန်မှာ သိသွားတာပေါ့။
လွတ်ပြီလို့သိတော့ ပထမဆုံး ပေါ်လာတဲ့ ခံစားချက်က။
အဲဒီတုန်းကလည်း ဘယ်လောက်ရှိမလဲ။ နိုင်ငံတော်ပေးတာပေါင်း လက်ချိုးရေလို့ မရတော့ဘူး။ နိုင်ငံတော်တွေကျွန်တော်ကြုံခဲ့တာများပြီ။ ဘယ်လိုပြောရမလဲ။ အရေထူတယ်လို့ပဲပြောရမလား။ ပါရင်လည်းပါမှာပေါ့လေ။ မပါရင်လည်းမပါဘူးပေါ့လေဆိုပြီးတော့။ ဒါပေမဲ့ဆုတော့တောင်းပါတယ်။ ပါသင့်ပါထိုက်တဲ့သူတွေ။ ကိုယ့်ထက်ကြာနေတဲ့သူတွေရှိရင်ရှိမယ်ဗျာ။ကိုယ့်ထက် နေမကောင်းတဲ့သူတွေရှိရင်လည်းရှိ မယ်ဗျာ။၊ မြန်မြန်ပါသင့်တဲ့သူတွေလည်း မြန်မြန်ပါကြပါစေပေါ့။ မိသားစုနဲ့ဝေးနေတဲ့သူတွေပေါ့။ အဲ့ဒီတုန်းကတော့ကျွန်တော် ဆုတောင်းပေးပါတယ်။
အဲဒီတော့ ၂ဝဝ၂ က အနေအထားနဲ့ ဘုရားလည်းသွားပြီးပြီ၊ ဦးခင်ညွန့်ဆီလည်း သွားပြီးပြီ၊ လမ်းတစ်လျှောက်လည်း နည်းနည်းပါးပါးတွေ့ပြီးပြီ ဆိုတော့ ရန်ကုန်ကို ဆယ်နှစ်အတွင်း ဘာတွေပြောင်းသွား တယ်လို့ အစ်ကိုမြင်လဲ။

ရန်ကုန်မှာကတော့ တိုးတက်တယ်လို့တော့ပြောလို့ရပါတယ်။နောက် လှသွားတဲ့နေရာတွေလည်းရှိသလို အလှပျောက်သွားတဲ့ နေရာတွေလည်း ရှိမှာ ပေါ့ လေ။
စာစောင်တွေ သတင်းစာတွေ ရေဒီယို၊ တီဗီတွေရော ဖတ်ရကြည့်ရလား။
စာစောင်တွေတော့ ဖတ်ရပါတယ်။ တီဗီလည်း အများနည်းတူကြည့်ရပါတယ်။ သတင်းစာ၊ ဂျာနယ်တွေ အဲဒါတွေကတော့ ကျွန်တော်တို့ အတွက် အစားအစာတွေလိုပေါ့အရသာခံလို့ရတဲ့အစားအစာလိုဖြစ်ခဲ့တာပေါ့။
လူငယ်ဘဝမှာ ဆယ်နှစ်ကျော်ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတော့တစ်နေ့တာ၊ တစ်နေ့တာကို ဘယ်အတွက် အချိန်အများဆုံး အသုံး ပြုပါသလဲ။
များသောအားဖြင့်တော့ တရားနဲ့ပါပဲ။ ဘာသာရေးလုပ်ဖြစ်နေတော့ တရားနဲ့ပဲဖြေပါတယ်။ အဲ့ဒါကတော့ အကောင်းဆုံး နည်း ပါပ။ဲ
ဒါဆိုစာစောင်တွေလည်း ဖတ်ရတယ်၊ သတင်းစာတွေလည်းဖတ်ရတယ်ဆိုတော့ လက်ရှိ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရအပေါ် ဘယ်လိုမြင်ပါသလဲ။
ဒါကတော့ ကောင်းပါတယ်လို့ကျွန်တော်ပထမဆုံးပြောချင်ပါတယ်။ သူလုပ်တာ တစ်နှစ် မပြည့်သေးဘူး။ လွတ်ငြိမ်းချမ်းသာပေး တာ လေးကြိမ်မြောက်ဖြစ်သွားပြီ ။သူ့ရဲ့စေတနာကိုတော့ အသိအမှတ်ပြုရပါတယ်။ သူ့မှာလည်းအခက်အခဲတွေရှိမှာပဲ။ ဒါကြောင့်ပါတဲ့သူလည်းပါတယ်။ မပါသေးတဲ့သူလည်းမပါဘူးပေါ့။ ဒါကိုတော့ နားလည်ပေးရမှာပေါ့။
လက်ရှိ နိုင်ငံရေးအခြေအနေကိုရော ဘယ်လိုမြင်လဲ။
နိုင်ငံရေးအနေအထားကတော့ကြည့်ရတာကောင်း ပါတယ်။ ကြည့်လို့ကောင်းတယ်ပေါ့။ သမ္မတကြီးက သူလည်းတော်တယ်။ တပ်မှာကတည်းက အစဉ်အလာနဲ့လာတဲ့သူလေ။ သူလည်းတော်တယ်။တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ စကားပြောနေပြီဆိုတော့။ ဒါဟာမင်္ဂလာပဲပေါ့။ကျွန်တော်တို့နိုင်ငံရေးမှာ မင်္ဂလာတွေစဖြစ်နေပြီပေါ။့ ဒါကိုဆက်ြပီးသွားနိုင်ဖို့ပဲ။ ဆက်သွားနိုင်ဖို့ကအဓိကပဲ။ အဲဒါကိုဝိုင်းလုပ်ရမယ။်ဝိုင်းလုပ်ရမယ်ဆိုတာမှာ သူပါမှ၊ကိုယ်ပါမှမဟုတ်ဘူး။ တစ်တိုင်းပြည်လုံးက အဲ့ဒါမျိုးတွေ ဆက်ပြီးကောင်းအောင်လုပ်သွားရမယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ်ကိုဇွဲနေဝင်းရဲ့အမြင်ကို ပြောပြပေးပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ကျွန်တော်တို့နိုင်ငံမှာ သူကတော့တကယ်တော်တဲ့ ပုဂ္ဂိုလ်ထဲမှာပါတာပဲ။ နို့မို့ဆို ကျွန်တော်တို့နိုင်ငံကို လူတွေမေ့ချင်မေ့နေမှာ။ ဒေါ်အောင်ဆန်းစုကြည်ရှိနေလို့သာကျွန်တော်တို့နိုင်ငံ လူတွေသိနေသေးတာပေါ့။
ဦးသိန်းစိန်အပေါ်မှာရော ဘယ်လိုမြင်လဲ။
တိုင်းပြည်အနေအထားက ဒါကတော့လူပေါ့နော်။ သမ္မတ ကြီး ပေါ။့ဒါကလူကောင်းလို့ တိုင်းပြည်ကောင်း နေတာပေါ။့ သူသာလွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းကဆိုအခုဆို တိုင်းပြည်ကက တော်တော်ကောင်းနေလောက်ပြီ။ အဓိက ကတော့လူပေါ့နော်၊
မြန်မာနဲ့ နိုင်ငံရေးတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲ။
အဲ့ဒါကတော်တော် ကောင်းတဲ့ဟာပါ။ ကျွန်တော်တို့နိုင်ငံကသမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ အမေရိကန်နဲ့ ဒီလိုရလာတာအင်မတန်ကောင်းတဲ့ဟာပါ။ သူ့ရဲ့ကြိုးစားမှုသူ့ရဲ့အောင်မြင်မှုလို့ပြောလို့ရတာပေါ။့ တစ်ချိန်ကျရင်ကျွန်တော်တို့နိုင်ငံလည်း ကမ္ဘာ့အလယ်မှာ ပြန်ပြီးထောင်လာနိုင်မှာပါပဲ။ သမ္မတကြီးနဲ့အခုလိုအမေရိကန်နဲ့ဆက်သွယ်နိုင်တာ မင်္ဂလာရှိ တယ်။ အောင်မြင်ပါစေ။ လုပ်နိုင်ပါစေလို့ပြောချင်တယ်။
ရှေ့ ဘာတွေ ဆက်လုပ်သွားဖို့စဉ်းစားထားလဲ၊ အစီအစဉ်ရှိလဲ။ရှိပါတယ်။
ဒါတွေကတော့ ကျွန်တော်ကတော့ လုပ်စရာတွေ အများကြီးရှိပါတယ်။ တိုင်းပြည်ရဲ့ကောင်းတဲ့ဟာတွေဆိုရင်တော့ဘယ်သူနဲ့မဆိုအားပေးရမယ်။ကူညီရ မယ။် ဒါပေမဲ့ ကျွန်တော်တစ်ခုတော့ပြောလိုက်မယ်။ ကျွန်တော်အခု Political Area ထဲကိုတော့ကျွန်တော်မဝင်ပါဘူး။
ဒါဆို နိုင်ငံရေးတော့ မလုပ်ဘူးပေါ့။
နိုင်ငံရေးတော့မလုပ်ဘူး။ အဲဒီ Area ထဲတော့ ဝင်ဖို့အစီအစဉ်အစကတည်းကလည်းမရှိပါဘူး။ဒါပေမဲ့ တိုင်းပြည်ကောင်းဖို့ဆိုရင်တော့ ဘယ်သူ့ကိုမဆိုကူညီရမယ်။ ဒါကျွန်တော်တစ်ယောက်တည်းထားရမယ့်စိတ်မပာုတ်ဘူး ။တစ်တိုင်းပြည်လုံးထားရမယ့်စိတ်ပါ။ ပြည်သူအားလုံးက အဲ့ဒီစိတ်မွေးရင် ကျွန်တော်တို့တိုင်းပြည်မတိုးတက်ဘူးဆိုတာမရှိပါဘူး။ကောင်းတာလုပ်နေရင် ဝိုင်းလုပ်ကြ။ မကောင်းတာလုပ်နေတာရှိရင် ဝိုင်းတားကြပေါ့။
အစ်ကိုရဲ့မိခင် (ဒေါ်စန္ဒာဝင်း)နဲ့စတွေ့တဲ အချိန်ခံစားချက်ကိုပြောပေးပါလား။
အမေနဲ့မတွေ့တာက တောက်လျှေက်ပဲ။  ကိုးနှစ်ကျော် ဆယ်နှစ်လောက်ရှိပြီ။ မေ့ကိုတွေ့တွေ့ချင်း မှာ သနားတယ။် အစ်ကိုနှစ်ယောက် ကျန်သေးတယ်လေ။
အတွင်းထဲမှာကျန်ခဲ့တဲ့ ကိုကျော်နေဝင်း နဲ့အေးနေဝင်းတို့ရဲ့ အခြေအနေကရော။
အစ်ကိုတွေက ကျန်းမာပါတယ်။
ဘာများဖြည့်စွက်ပြောချင်သေးလဲ။
ကျန်ခဲ့တဲ့သူတွေလည်း အမြန်ဆုံးလွတ်ပါစေလို့ဆုတောင်း ပါတယ်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More