.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Friday, January 6, 2012

မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၂၄ လမ်းအတွင်းရှိ ၃ ထပ်တိုက်တွင် အတွင်းခန်း ပြိုကျမှုဖြစ်ပွား



န်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၁၂၄ လမ်း အတွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်မထားသော သုံးထပ်တိုက်တစ်လုံး၌ အတွင်းခန်းအချို့ အလိုအလျောက်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
ကြိုတင်သိရှိခဲ့သည့်အတွက် တိုက်တွင်နေထိုင်သူများ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါတိုက်မှာ ၃ ထပ်တိုက် အခန်း ၆ ခန်းပါဝင်သည့် တိုက်ခန်းအမျိုးအစားဖြစ်ပြီး ယခုပြိုကျမှုဖြစ်ပွားသည့်အခန်းမှာ အပေါ်ဆုံးထပ် အခန်းတစ်ခုမှဖြစ်ကြောင်း သိရသည်။
''မပြိုကျခင်မှာ မီးဖိုချောင်ဘက်မှာ သဲတွေကျလာလို့ ပြိုမယ်ထင်ပြီး အောက်ထပ်တွေကို ဆင်းပြီးပြေးပြောတယ်။ အားလုံးအပြင်ထွက်နေဖို့အတွက်။ အဲဒီအချိန် အောက်ထပ်မှာကလည်း ထမင်းဟင်းချက်နေကြတာလေ။ အားလုံး အပြင်ထွက်ပြီးတာနဲ့သိပ်မကြာဘူး ပြိုကျတယ်။ ကျွန်မတို့က အပေါ်ဆုံးထပ်မှာနေတာ။ အပေါ်ဆုံးထပ်က အိမ်သာရေချိုးခန်းကျွံကျတာပါ။ ဟိုတစ်ရက် စက်ဆန်းမှာ မီးလောင်ပေါက်ကွဲတဲ့အချိန်မှာ ပေါက်ကွဲတဲ့ အရှိန်ကြောင့် အဲဒီကတည်းက တိုက်ခန်းနံရံတွေ အက်ကြောင်း ထင်သွားတယ်၊ အိမ်သာရေးချိုးခန်း တံခါးတွေ ပိတ်မရဘူးဖြစ်သွားတယ်။ အခုကျတော့ သဲတွေစကျလာပြီး နံရံဘက်က စပြိုတယ်၊ နောက်ကျွံကျတယ်''ဟု ပြိုကျခဲ့သည့် အခန်းမှ မဥမ္မာက ပြောကြားခဲ့ပါသည်။
''တိုက်ဘက်ကို မျက်နှာမူထားရင်တော့ ဘယ်ဘက်အပေါ်ဆုံးခန်းပါ။ တိုက်ဘက်က ပြန်ကြည့်ရင်တော့ ညာဘက်ပေါ့။ အရင်ကတော့ အဲဒီတိုက်က သုံးထပ်မဟုတ်ဘူး။ နောက်မှ အပေါ်ထပ်တွေ ထပ်တင်ထားတာတော့ ကျွန်တော်တို့သိတယ်။ အန္တရာယ်ရှိ အဆောက်အအုံတော့မ ဟုတ်ဘူး'' ဟု ၁၂၄ လမ်းတွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More