.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Tuesday, January 17, 2012

ဒါနအကျိုးဆောင်လူငယ်များအဖွဲ့ ဖြစ်ပေါ်လာပုံ။


                             
မင်္ဂလာပါဗျာ…

ဒါနအကျိုးဆောင်လူငယ်များအဖွဲ့ ဖြစ်ပေါ်လာပုံကိုကျွန်တော်မှတ်မိသလောက်ရေး သားလိုက်ပါတယ်။

အသင်းဖြစ်ပေါ်လာပုံ…      

၂၀၁၀ ခုနှစ်လောက်တုန်း ကပေါ့ ကျွန်တော်တို့တွေ အိမ်မက်လှိုင်း      ဆိုတဲ့ချက်ရွန်းတခုမှာ စကားတွေပြောကြရင်းနှင့်  နိုင်ငံပေါင်းစုံက          သူငယ်ချင်းတွေနဲ့ သိခွင့်ရခဲ့ကြတယ်။  သူတို့တွေ ကတော့ ကိုရွှေရိုး၊ ကိုညီလင်းသော်၊  ကိုသန်းထွန်း   ၊ကိုချန်လေး   ၊ကိုကောင်းကင်၊  ကိုညီညီ၊ ကိုလုလင်၊  ကိုထက်နိုင်၊  ကိုဝင်းသူနိုင်   ၊ ကိုထွန်ဇက်၊  ကိုပီတာ၊ ကိုတာတီး၊     ကိုတီကောင် နှင့် ကျွန်တော်ချက်လေးတို့  ဖြစ်ပါတယ်။ မိန်းကလေးတွေကတော့  မပိုးကောင်လေး   ၊ မဆုမြာ၊ မနှင်းရည်၊      မနော်နော်၊မနန်းလေး တို့ဖြစ်ကြပါတယ်။ တစ်ရောက်နဲ့တစ်ရောက် ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ  ဖြစ်ခဲ့ကြတယ်။ ဒီလိုနဲ့ ၂၀၁၀ မေ လမှာ ရန်ကုန်မှာ  နေတအားပူပြီး ရေတွေ ခမ်းခြောက်ကုန်တယ်၊ လူတွေလည်း     ရေအခက်အခဲတော်တော်ဖြစ်ကြတယ်၊ တချို့တွေဆို ရေရဖို့တနေ ကုန်တန်းစီကြရတယ်၊ အသက်ကြီးတဲ့ သူတွေဆို အပူဒါဏ်မခံနိုင်လို့          သေကုန်ကြရတယ်။အဲဒီသတင်းတွေကြားရတော့  ကျွန်တော်တို့ စိတ်ထဲမှာ       တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ အဲတာနဲ့ သူငယ်ချင်းတွေ     စုပြီး ငါတို့တွေတတ်နိုင်သလောက် လှူကြရအောင်ဆိုပြီး နိုင်ငံအသီးသီး မှာ ရှိကြတဲ့ သူငယ်ချင်းတွေ၊ ရင်းနှီးတဲ့ သူတွေဆီက အလှူငွေကောက်ကြတယ်။ ရလာတဲ့ ငွေတွေကို  ရန်ကုန်က ကိုညီညီ နဲ့ မပိုးကောင်လေးဆီကို ကျွန်တော်တို့ လွဲခဲ့ကြတယ်။  ပထမ ဆုံးအလှူကို ၂၃ ရက် မေလ ၂၀၁၀ မှာ  ရေအလှူကို စတင်ပြီး လှူခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ ကျွန်တော်တို့တွေ အသင်းနာမည် တစ်ခုရွေးလိုက်ကြတယ်။ အဲတာကတော့  ဒါနအကျိုးဆောင်လူငယ်များ ဆိုတဲ့ true donation  ရဲ့အမည်လေးကို ရခဲ့ကြခြင်းဖြစ်ပါတယ်ခင်ဗျာ…         ထိုနောက် www.truedonation.ning.com   ဆိုတဲ့ free ဆိုဒ်လေးမှာ ဆိုဒ်စလုပ်ဖြစ်ကြတာပေါ့လေ ningဆိုဒ်လေးမရခင်မှာ ချက်ရွန်းလေးတခုလုပ်ပြီး  truedonation အဖွဲ့လေးကလူတွေ     ညဆို အဲဒီချက်ရွန်း မှာပဲ အစည်းဝေးတွေလုပ်ကြ   တယောက်နဲ့တယောက်စကြ နောက်ကြရင်းနဲ့ပေါ့၊     ဒါနဲ့ပဲစကားစဖြစ်ကြတယ် ဆိုဒ်လေးတခုလုပ်မယ်ဆိုပြီး သူငယ်ချင်းတွေ တက်ညီလက်ညီနဲ့ လိုဂိုရေးတဲ့သူကရေး   ဆိုဒ်လေးရေးတဲ့သူကရေး       အဖတ်ဖတ် ကနေ အကြံဥာဏ်ပေးတဲ့သူကပေး အဲလိုလေးတွေ စည်းစည်းလုံးလုံးရှိခဲ့ကြတာပေါ့။ နောက်တော့ ကျွန်တော်တို့  ning ဆိုဒ်လေး ကပျက်ခဲ့ရပါတယ်  free မရတော့လို့လေ၊ အဲတာနဲပဲ truedonaion ဂျန်ဂိုဒါမှာပဲ gtalk ကနေအစုအဝေး ချက်တဲ့နေရာလေးကနေ ပလုံပလုံဆိုပြီး တက်က် လာတာတွေကို မှတ်မိကြပါသေးတယ်၊ စက်ကိုစထိုင်ပြီးဆိုတာနဲ့ အဲဒီအကောင့်လေးကို      စာသွားရိုက်ရမှ ကျေနပ်မိတယ် အဲလိုဖြစ်ခဲ့ကြတယ်၊  
နောက်တော့ ကျွန်တော်တို့  org ကိုဝယ်ဖြစ်ခဲ့ကြတာပေါ့လေ။ www.truedonation.org ပေါ့ တနှစ်လောက်ပဲသုံးလိုက်ရတယ်၊ ဟီးဟီး       ဆိုဒ်ကြီးကဈေးလဲကြီးတယ်လေ၊ အဲဒီတုန်းကဆိုကျွန်တော်တို့ရဲ့ သူငယ်ချင်း ချက်လေးမှ  မီးတင်မီးတင်ဆိုပြီး  ဂျီတော့ကနေ ခေါ်ပြီး၊ အလှူတခုလုပ် ဖို့ကိုလေ အကြိမ်ကြိမ်အခါခါ မီတင်လုပ်ကြရတာပေါ့။ လှူမဲ့နေရာကို လိုက်လံရှာဖွေ စစ်ဆေးတဲ့ရန်ကုန်ကအဖွဲ့လေး ကဘယ်နေရာကဘယ်  လိုပေါ့လေအဲတာလေးကိုတင်ပြကြမီတင်ထိုင်ကြ၊ လှူဖို့  ဈေးဝယ်ထွက်တာတို့   ငွေတွေလွဲတာတို့ အလှူငွေတွေလိုက်ကောက်တာတို့  လုပ်ရတာပေါ့။   ကျွန်တော်တို့အဖွဲ့လေး ကတော်တော်လေးအောင်မြင်လာတယ်           လူတွေလဲမောလာတယ်ပေါ့၊ ထိုနောက် truedonation လေးကအလှူတွေကို  တခုပြီးတခု လုပ်ဖြစ်လာကြတာပေါ့။                  
 ခုဒီဘလော့လေးက truedonation ရဲ့အမှတ်တရအနေနဲ့ရော ကျွန်တော်တို့ လှူဒါန်းမှုကောင်းမှုများအတွက် မှတ်တမ်းတင်ထား  တဲ့နေရာလေးဆို လဲမမှားနိုင်ဘူးပေါ့လေ။ truedonation  ရဲ့မှတ်တမ်းလေးကို လာရောက် ဖတ်ရှု ပေးကြသော သူငယ်ချင်းအပေါင်းတို့အားကျေးဇူး အထူး တင်ရှိ ပါတယ်။ နောင်တွင်လဲကျွန်တော်တို့ အဖွဲ့လေးက တကယ့်ကို အခက် အခဲ  ရောက် နေသောနေရာ များတွင်ပရဟိတလုပ်ငန်းများ ဆက်လက်လှူဒါန်း  မှုတွေပြုလုပ်သွားပါအုံးမည်ဖြစ်ပါကြောင်း......

23.5.2010 Sunday တွင်စတင်ဖွဲ့စည်းပါသည်….

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More