အမေရိ ကန်သူ လျှိုကို ရုရှားတွေကဖမ်းမိသည်... ၄င်းကိုအချုပ်ခန်းထဲထည့် ထည့်လိုက်သည်
မကြာမီ ထောင်ထောင်မောင်းမောင်း ဗလကောင်းကောင်းရှရားတယောက် ၀င်လာသည်
စစ်မေးမည့်သူဖြစ်သည် မတောက်တခေါက်တတ်ထားသော english စကားဖြင့်
သူလျှိကိုမေးသည် what is you are name
အမေရိကန်ကြီးက သူ့နံမည် ဂျွမ်စမစ် လို့ဖြေလိုက်သည် အမေရိကန်၏ မျက်နှာအား ဗလကြီးက အားထည့်ပြီး ၄ -၅ ချက်လောက်ကျွေးလိုက်သည်.....ထက်မေးသည် what is you are name ဂျွမ်စမစ် ဒီတခါလက်ရော ခြေထောက်ရောပါလာသည် ..... ထိုအတိုင်း ၁ နာရီကျော်လောက်ကြာသွားသည် မေးလိုက်ထိုးလိုက်နဲံပေါ့ သူလျှိ၏မျက်နှာမှာ ကြည့်လို့ပင်မကောင်းတော့ တကိုယ်လုံးရောင်ကိုင်ပြီး သွေးတွေနှင့်ပင်နီရဲနေ၏
သူလျှိသည်ကြောက်စိတ်နှင့်ပင် တကုယ်လုံးတုန်လှုပ်နေ၏ ရုရားကြီးလဲလိုချင်သည့်အဖြေမရသဖြင့်
စိတ်တိုသည်ထက်တိုလာ၏ ထိုးကြိတ်ရတာများသောကြာင့်သူ၏လက်များလဲနာနေသည်... သို့နှင့်သူ၏ အိတ်ထဲမှ ၆ လုံးပြုးကိုထုတ်ကာ အမေရီကန်၏နာထင်နားတေ့လိုက်၏
ထို့နောက်သိချင်သည်ကို ထပ်မေးသည် ဒေါသကြောင့်ထင်သည် သူ၏ပါးစပ်မှ english
လိုမထွက်ပဲ ရုရားလိုထွက်လာသည် ဟေ့မင်းကိုနောက်ဆုံးအကြိမ်ထက်မေးမယ် မင်းတို့တပ်မှာ တင့်ကားဘယ်နှစ်စီးရှိလဲတဲ့ မှတ်ကရော မေးတဲ့သူကမေးချင်တာကိုအဓိပါယ်မရောက်တော့ ဖြေနေတဲ့သူကလဲ ဂျွမ်စမစ်ပါဆိုနေ သူလဲနံမည်သိရသားနဲ့ ခံနေရတဲ့ဘ၀ပေါ့.......

0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။