.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Wednesday, January 25, 2012

ကျွန်ုပ်နှင့် အိမ်သာများ

ခေါင်းစဉ်ကတော့ လန်းနေပြီ..ဟိဟိ။ ရေးချင်နေတာ ကြာပြီအချိန်မရတာနဲ့ပျင်းတာနဲ့မရေးဖြစ်တာ။
စပြောရမယ်ဆိုရင်ကျွန်တော် လှည်းကူး ကနေ ရန်ကုန်မြို့ထဲကို အလုပ် သွားတုန်းကပေါ့။ အိမ်နဲ့ အလုပ်က ၁ နာရီကျော်လောက် ကားစီးရတယ်။ လှည်းကူးကနေ ကားစီးလာလိုက်တာ စော်ဘွားကြီးကုန်းကျတော့ အိမ်သာ တက်ချင်နေပြီ။ အဲတာနဲ့ အောင့်ထားပြီး အလုပ်ရောက်မှ တက်မယ် အလုပ်လည်း နောက်ကျနေတယ်ဆိုပြီး နေတာ ၆ မိုင်ခွဲရောက်တော့ မနေနိုင်တော့ဘူး။ မှတ်တိုင်ရောက်တော့ ပြေးဆင်း လက်ဖက်ရည် ဆိုင်ထဲ ခပ်တည်တည်နဲ့ ၀င်သွားပြီး တစ်ခါတည်း အိမ်သာဘယ်မှာလဲ လို့မေးလို့လည်း မကောင်းဘူးလေ၊ ဒါနဲ့ လက်ဖက်ရည် တစ်ခွက်မှာလိုက်တယ်။ လူလည်း တော်တော် ချွေးပြန်နေပြီ။ စားပွဲထိုးကောင်လေး ကိုမေးလိုက်တယ် "ညီလေး..အိမ်သာ ဘယ်နားမှာလဲ ဆိုတော့ မရှိဘူးတဲ့" လူကို ငိုချင်သွားတာပဲ။ ဒါနဲ့ မင်းတို့တွေ ဘယ်လို အိမ်သာတက်လဲ ဆိုတော့ ကျွန်တော်တို့က မတက်ဘူးတဲ့။ ထိုင်သာ ငိုလိုက်ချင်တော့တယ်။ ဟိုကလည်း အပေါက်ဝနားမှာ ပြူတူပြူတူ လုပ်နေပြီ။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး လက်ဖက်ရည် ဖိုးရှင်း တက်စီ(Taxi) ငှားပြီး ရုံးအရောက်ပြေးရတော့တာပဲ။ ဟီးးးးးရုံးရောက်မှ စိတ်ရှိလက်ရှိ ပြူတူပြူတူ ဖြစ်နေတာကို ဖွင့်ပေးလိုက်တာ အဲခါမှ လူက နေလို့ထိုင်လို့ရသွားတော့တယ်။
နောက်ပြီး ရန်ကုန် မြို့ထဲက အိမ်သာတော်တော်များများ ရောက်ဖူးတယ်။ အရင်က ဆို အပေါ့သွားသွား အလေး သွားသွား ၅၀ ကျပ်။ ၁၀၀ တန်ပေးရင် ပြန်မအမ်းဘူး။ တစ်ရှူးဖြစ်ဖြစ်၊ ဆေးလိပ်ဖြစ်ဖြစ်ပေးတယ်။ အိမ်သာထဲ ၀င်သွားရင် ရေမရှိတာများတယ်။ ကြမ်းပြင်မှာတော့ ရေတွေက ခြေမက်စိလောက်ရောက်တာများတယ်။ အိမ်သာတက်မယ် ပြင်တော့ အိမ်သာ တံခါးမှာ ဆေးလိပ်မီးနဲ့ထိုးထားတာတွေ။ နိုင်ငံကျော် ပန်းချီ ဆရာ၊ စာရေးဆရာတွေ ရဲ့လက်ရာတွေ တွေ့ရတော့တာပဲ(ရောက်ကျား လေးတွေ သိပါတယ် ဘာတွေ ရေးထားလဲဆိုတာ။
မြန်မာနိုင်ငံက အများသုံး အိမ်သာတွေထဲမှာ ကျွန်တော် ရောက်ဖူးတဲ့ အထဲက သမ္မတ ရုပ်ရှင်ရုံ က အိမ်သာက တော်တော် သန့်တယ်။ ကျွန်တော်တို့ နိုင်ငံတိုးတက်ဖို့ ဆိုရင် အများသုံး အိမ်သာတွေက အစ ပြုပြင်သင့်ပါတယ်။ နိုင်ငံခြားသားတွေ ကျွန်တော်တို့ အိမ်သာ မြင်သွားရင် တော်တော် ရှက်ဖို့ကောင်းမှာပါ။
အိမ်သာတက်ရတာ အဲလို အခက်အခဲတွေတွေ့ရလို့ ကျွန်တော် တို့ အဖွဲ့လေးက ရွေပြည်သာမြို့ နယ် မင်းရဲကျော်စွာလမ်းမှာ တည်ရှိသော အောင်မေတ္တာဘုန်းတော်ကြီးကျောင်းနှင့် ဘိုးဘွားရိပ်သာကို အိမ်သာ ၂ လုံး ဆောက်ပြီး လှူခဲ့ပါတယ်။
အောက်က ပုံလေးပါ....


စလုံးက အိမ်သာတွေက တော်တော် သန့်တယ်ဗျာ။ ကြိုက်တဲ့ အိမ်သာ သွား အလကား (free) တက်ရတယ်။ အလကား တက်ရလို့ဆိုပြီး အထင်တော့ မသေးနဲ့လိုက်အုံး အိမ်သာထဲမှာတောင် ထမင်းစားလို့ရတယ်။ အိမ်သာတွေထဲ ၀င်သားရင် မွေးကြိုင်နေတာပဲ။ အလေးသွားတဲ့နေရာမှာ ဖြစ်ဖြစ် အပေါ့သွားတဲ့ နေရာမှာ ဖြစ်ဖြစ် ကြည့်လိုက်ရင် သန့်နေတာ။

အောက်က ပုံလေးတွေ ကြည့်ပါ.....
ဒီပုံကတော့ Anchor Point Centre မှ အမျိုးသားများ အပေါ့သွားတဲ့နေရာ ဖြစ်ပါတယ်..

ဒီပုံကတော့ Millenia Walk Centre မှ အမျိုးသားများ အပေါ့သွားတဲ့နေရာ ဖြစ်ပါတယ်..

အဲဒီထက်လန်းတဲ့ အိမ်သာတစ်ခုရှိပါသေးတယ် ဓါတ်ပုံတော့ မရိုက်လာရဘူး အဲတာကတော့ Icon Shopping Center က အိမ်သာပါ။ အခန်းထဲမှာ အဲကွန်း ဖွင့်ထားတယ်။ မှန်တွေလည်း ထပ်ထားတာ အကြီးကြီးတွေ။ အခန်းထဲမှာလည်း မွေးကြိုင်းနေတာပါပဲ။ တော်တော် လေးကို သန့်ပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေက အိမ်သာကို Rest Room လို့ခေါ်ကြတာထင်တယ်။
ဒီလောက်ပါပဲ...ရွှေမြန်မာများ အိမ်သာ လှလှ မွေးမွေး ကြိုင်ကြိုင်လေးတွေ သုံးနိုင်ကြပါစေလို့.............

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More