.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Friday, January 6, 2012

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်၇ာဥပဒေ ၂၀၁၂တွင်ထွက်ပေးလာမည်ဖြစ်ပြီး နှောင့်နှေးကြန့် ကြာအောင်ပြုလုပ်သူများ၇ှိနေဟုဆို

အညတြကဗျာ


မြန်မာနိုင်ငံ ၏ ပထမဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေသည် ယခုနှစ် တွင်ထွက်ပေါ်လာမည်ဖြစ်ပြီး ယင်းဥပဒေမထွက်ပေါ်နိုင်အေင်
ကြိုးစားနေသူများ၇ှိနေသည်ဟုနိုင်ငံရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်၇ာပညာရှင်များကပြောကြားသည်။
ယင်းဥပဒေတွင် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အချို့ အတွက် အထိနာစေမည့် ထုတ်ပြန်ချက်များပါဝင်နေပြီး ယခုအခါ ဥပဒေကြမ်းအဖြစ်
သဘာဝပတ်ဝန်းကျင်ဆိုင်၇ာပညာရှင်များထံသို့ ရောက်ရှိနေပြီဖြစ်ကာ အကြံ ဥာဏ်ပေးအပ်ခြင်းများပြုလုပ်ထားသည်ဟု ပညာရှင်များထံမှ
သိရသည်..။ " ကျွန်တော်တို့ ဆီကနေ အကြံဥာဏ် ပေးပို့ ထားတာတွေတော့၇ှိပါတယ်..ဥပဒေကလည်းကောင်းပါတယ်..အဲဒီအထဲကပါတဲ့
အချက်တွေက လက်ရှိစီးပွားရေးလုပ်ငန်းရှင်တွေကို အထိနာစေတာတွေပါတယ်..။ ဒါပေမယ့် အေ၇းယူမှုနဲ့ ပြစ်ဒဏ်က ပေါ့တယ်လို့
ထင်တယ်..ငွေအားဖြင့် ၅သောင်း တစ်သိန်းလောက်ပဲဒဏ်၇ှိက်တာတွေပဲ၇ှိတယ်..တကယ်ဆိုရင် ၅ သိန်းကနေ ထောင်ဒဏ်တွေအထိပါ
ချသင့်တာ...သူတို့ လုပ်မယ့်စီမံကိန်းတွေက ဒေါ်လာဘီလျှံချီပြီ ရှိတာတွေလေ..ဥပဒေကို မြန်မြန်ထွက်စေချင်တယ်...မြန်မြန်ထွက်မှ..
ဒီဥပဒေကို ချိုးဖေါက်တာနဲ့ ..ချက်ခြင်းပြစ်ဒဏ်ပေး၇မှာ..လုပ်ငန်းရှင်ကလည်းလိုက်နာရမယ်..ဥပဒေကတော့ ၂၀၁၂ ထဲမှာ ထွက်မှာသေ
ချာပါတယ်..၇က်နဲ့  လကိုသာမသိ၇သေးတာ." ဟု ဘသာဝပတ်ဝန်းကျင်ပညာရှင် ဦးအုန်း ( FREDA) ကပြောကြားသည်..။ " 'ဒီဥပဒေကို
မထွက်အောင် ၊ နှောင့်နှေးကြန့် ကြာအောင်လုပ်နေတဲ့သူတွေရှိတယ်..သူတို့တွေက ဒီနိုင်ငံရဲ့ နာမည်ကြီးတွေပဲ ..ဦးခင်ရွှေ၊ ဦးဌေးမြင့်
တို လိုပုဂ္ဂိုလ်တွေပါနေတယ်..။ ဒီဥပဒေက သူတို့ ကို အထိနာစေတယ်လေ..ဒါကြောင့်မထွက်စေချင်တာ..တစ်ခြားသူတွေလဲ ပါပါတယ်
ဒါပေမယ့် ၂၀၁၂ မှာတော့ ထွက်လာမှာသေချာတယ်..။ ကျွန်တောတို့အနေနဲ့ လဲ..လွတ်တော်မှာ ဒီကိစ္စကို ထပ်ပြီး တင်သွင်းဆွေးနွေးဦး
မှာပါ..." ဟု ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ကပြောကြားသည်.။
ယင်းဥပဒေကို ၂၀၀၈ ခုနှစ်ကတည်းကေ၇းဆွဲ ခဲ့ခြင်းဖြစ်သည်ဟု တစ်ဆင့်စကားများအ၇ သိ၇ပြီး ယင်းဥပဒေအတွက် ပြည်သူသိသော
ပညာရှင်များထံမှ အကြံဥာဏ် ရယူခြင်၇ှိမ၇ှိကိုမှု မသိ၇သေးပေ..။ " ကျွန်တော့်ဆီကို မိတ်ဆွေတစ်ဦးက လာပြိးပေးလို့ လက်ခံ ၇ရှိထား
တာပါ..မိတ္တူပဲ ကျွန်တော့်ဆီမှာ၇ှိတယ်..အကြံပြုချက်သုံးခုကိုတော့ ပြန်လည်တင်သွင်းလိုက်တယ်..လက်ခံတာမခံတာက သူတို့ အပိုင်း
ပဲလေ..ကျွန်တော်တို့ကတော့လုပ်စရာရှိတာလုပ်ရမှာပဲ..." ဟု ဦးအုန်းက ဆက်လက်ပြောကြားသည်။ ယင်းဥပဒေမှုကြမ်းကို အတည်ပြု
ပြီးပါကပတ်ဝန်းကျင်ထိမ်းသိမ်းရေးဥပဒေဟု ခေါ်တွင်စေ၇မည်ဟု မှုကြမ်းတွင်ဖေါ်ပြထားသည်ကိုတွေ့ ရသည်။             အညတြကဗျာ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည်..

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More