နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေးကိစ္စရပ်များ၊ ဆေးဝါးကုသမှုများ၊ ပညာရေးကိစ္စရပ်များအား နေ့စဉ်မပျက် (အခမဲ့) ပေး ဆပ်လျှက်ရှိပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသော အများပြည်သူတို့ထံ သွားရောက်၍လည်း ကူညီဖေးမမှုများ ပြုလုပ်ပေး လျှက်ရှိရာ ၁၆.၁၁.၂၀၁၁ ရက်နေ့တွင် ပေါက်မြို့နယ်ရှိ အင်းတော၊ မြောက်စုနှင့် တောင်စုကျေးရွာရှိ အိမ်ခြေ (၁၅၀)ခန့် နေထိုင်သော ရေဘေးဒုက္ခသည်များထံသို့၎င်း၊ ၁၇.၁၁.၂၀၁၁ ရက်နေ့တွင်
၁၉.၁၁.၂၀၁၁ ရက်နေ့တွင် ကွယ်လွန်သွားပြီဖြစ်သော နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဒွေး ရုပ်ပုံပါ တီရှပ်အင်္ကျီအား ဒေသခံ ရေဘေး ဒုက္ခသည် ရွာသူရွာသားများထံသို့ ဝေငှလှူဒါန်းမှုကိုပါ ပူးတွဲ၍ လှူဒါန်းကူညီ ထောက်ပံ့မှုကို ပြုလုပ်ခဲ့သည်။ ဒွေး ရုပ်ပုံပါ တီရှပ်အား နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဒွေး၏ဇနီးဖြစ်သူ မမိုးမိုးမှ တဆင့်လူကြုံပါး၍ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ရေဘေးဒုက္ခသည် ရွာသူ/သားများအနေဖြင့် မိမိတို့ ကြုံတွေ့ နေရသော အပူသောကများကို ရုပ်ရှင်သရုပ်ဆောင် ဒွေးမှ ငြိမ်းအေးပေးလိုက်သကဲ့သို့ ပျော်ရွှင်ကြည် နူးစွာဖြင့် တွေ့ကြုံခဲ့ရသည်ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေဘေးကယ်ဆယ်ရေးသို့ လိုက်ပါသွားသည့် အသင်းသား များထံမှ သိရှိခဲ့ရသည်။
ထို့ကြောင့် ပခုက္ကူရေဘေးဒုက္ခသည်များအား လူသားချင်းစာနာစိတ်ဖြင့် လှူဒါန်းကူညီပံ့ပိုးကြသော မြန်မာပြည်သူလူထု အလှူရှင်များနှင့် တကွ ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် ဒွေး တစ်ယောက်သည်လည်း ရောက်ရာဘုံဘ၀မှ ကျေနပ်စွာဖြင့် သာဓု … သာဓု … သာဓု ဟုခေါ် ဆိုလိုက်ပါတော့ . . . . ။















