ကျွန်တော်အဖွဲ့ ၏ တတိယအကြိမ်မြောက် သွားရောက်လှူဒါန်းခဲ့သည့်နေရာလေးကတော့ လှည်းကူးမြို့ နယ် မရမ်းချောင်:ကျေးရွာ ပရဟိတ စောင့်ရှောက်ရေးဂေဟာ (အနာကြီးရောဂါသည်) နေရာလေးဖြစ်ပါတယ်...
သွားရောက် လှူဒါန်းသည့် ပစ္စည်းများဖြစ်ပါသည်။ (ဆန် ၊ စောင် ၊ ဆေးဝါး ၊ မုန့် ၊ တရားခွေ နှင့် တရားစာအုပ်များ)
အလှူပစ္စည်းတွေနဲ့ သူတို့ ပျော်နေကြတာပေါ့.. ကောင်လေးတွေ ပစ္စည်းတွေ ထမ်းချထားလို့ မောနေတဲ့အချိန် သူတို့ က ၀င်ပြီး အလှပြတာလား၊ ကြွားတာလားမသိဘူး
ကောင်လေးတွေကတော့ ဆန်အိတ်တွေသယ်ရလို့ ပက်လက်လန်နေကြတာကိုသူတို့ ကပျော်နေတယ်... ဟွန့် မပြောချင်ဘူး...
ကောင်လေးတွေကတော့ ဆန်အိတ်တွေသယ်ရလို့ ပက်လက်လန်နေကြတာကိုသူတို့ ကပျော်နေတယ်... ဟွန့် မပြောချင်ဘူး...
မောင်ဝင်းသူနိုင်လေးကလိမ္မာသားပဲ တရားပွဲ နေရာပြင်ဆင်ဖို့ တံမြတ်စည်းလှဲနေတယ်.... သည်ကလေးကို မုန့် ၀ယ်ကျွေးလိုက်ပါ ကိုချက်ရာ....
အဖွဲ့ သားလေးတွေ က တော့ လှူမဲ့အချိန်ကို စောင့်နေကြတာပေါ့။
နေလည်၁နာရီလောက်မှာတော့ ကျွန်တော်တို့ ပင့်ထားတဲ့ဆရာတော် အရှင်ပညာဝရ ကြွလာပါပြီ
ဆရာတော် တရားဟောဖို့ ကျွန်တော်တို့ ပြင်ဆင်ပေးနေကြပါတယ်...
အဖွဲ့ သားတွေလည်း ဝေဒနာသည်တွေနဲ့ အတူတူ တရားနာခဲ့ကြပါတယ်...
ဆရာတော်က "ကိုယ်သာနာစေ ၊ စိတ်မနာစေနဲ့  " ဆိုတဲ့ တရားခေါင်းစဉ်လေးကို ဟောကြားပြသပေးခဲ့ပါတယ်... အဲလို တရားအလှူ
လေးဖြစ်မြောက်ခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာကြည်နူးခဲ့ရပါတယ်... ပြန်တွေးတိုင်း ၀မ်းသာပီတိ မျက်ရည်ဝဲမိတယ်ဗျာ
လေးဖြစ်မြောက်ခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာကြည်နူးခဲ့ရပါတယ်... ပြန်တွေးတိုင်း ၀မ်းသာပီတိ မျက်ရည်ဝဲမိတယ်ဗျာ
တရားဟောအပြီးမှာတော့ ဆရာတော်ကို ကျွန်တော်တို့ အဖွဲ့  အအေးကပ်လှူ ခဲ့ပါတယ်....ဆရာတော်က ကျန်းမာရေးသိပ်မကောင်းဘူးလေ
ကျွန်တော်တို့ အဖွဲ့ မှ ဆရာတော်အတွက် န၀ကာမအလှူတော်ငွေ ကျပ် တစ်သိန်း တိတိ ကို ကပ်လှူခဲ့ပါသည်၊ ဆရာတော်မှ ထို ငွေများကို
ဝေဒနာသည်တွေအတွက် ပြန်လည်လှူဒါန်း ခဲ့ပါသည်၊ ကျွန်တော်တို့  တာဝန်၇ှိသူ လူကြီးလက်ထဲအပ်လှူခဲ့ပါတယ်။
ဝေဒနာသည်တွေအတွက် ပြန်လည်လှူဒါန်း ခဲ့ပါသည်၊ ကျွန်တော်တို့  တာဝန်၇ှိသူ လူကြီးလက်ထဲအပ်လှူခဲ့ပါတယ်။
ဆရာတော် ပြန်ကြွချိန်မှာ တရားနာရလို့  ၀မ်းသားအားရ ဖြစ်ပြီး ဝေဒနာသည် အဘိုးအိုက ဆရာတော်ကို လိုက်နှုတ်ဆက်ပြီး
ကြည်ညိုလို့ မဆုံးပါဘူး... သူအရမ်းကျေးဇူးတင်လွန်းလို့ ပါတဲ့
ကြည်ညိုလို့ မဆုံးပါဘူး... သူအရမ်းကျေးဇူးတင်လွန်းလို့ ပါတဲ့
ကျွန်တော်တို့ အဖွဲ့ သားတွေကိုလဲ ကျေးဇူး တင်လွန်းလို့  အဘိုးအိုက စိတ်ထားမြင့်မြတ်တဲ့လူငယ်တွေ တဖွဲ့ လုံးကို သူ အ၇မ်းကျေးဇူးတင်လို့ တဲ့ ....
တရားအလှူကုသိုလ်လေး သူတို့ အတွက် လုပ်ပေးတဲ့အတွက် ကျွန်တော်ကိုပုခုံးဖက်ပြီး အရမ်းဝမ်းသားနေ၇ှာတယ်ဗျာ....
ကျွန်တော် ကြည့်ပြီး ၀မ်းသာလို့ မျက်ရည်ဝဲခဲ့ရပါတယ်....
တရားအလှူကုသိုလ်လေး သူတို့ အတွက် လုပ်ပေးတဲ့အတွက် ကျွန်တော်ကိုပုခုံးဖက်ပြီး အရမ်းဝမ်းသားနေ၇ှာတယ်ဗျာ....
ကျွန်တော် ကြည့်ပြီး ၀မ်းသာလို့ မျက်ရည်ဝဲခဲ့ရပါတယ်....
စောင်ထုတ်ကြီးတွေကိုဖြည်နေတာပေါ့ လိုက်ဝေမလို့ လေ ကျွန်တော့ဘေးမှာ ၀ိုင်းလုဖို့ ချောင်းနေကြတဲ့အဖွဲ့ သားတွေပေါ့...သူတို့ လုဝေကြမလို့ လေ
အလှူ ပစ္စည်း တွေထဲမှာပါတဲ့  မုန့် ၊ အားဆေး ၊ ဆေးဝါးပစ္စည်းတွေ နဲ့  တရားခွေ ၊ တရားစာအုပ်တွေပေါ့
တရားစာအုပ်မျာကိုလှူတဲ့အလှူရှင်ကတော့ ကျွန်တော်တို့ အဖွဲ့ ရဲ့  ခေါင်းဆောင် ၁ဦးဖြစ်တဲ့ စကာင်္ပူ မှတာဝန်ခံ ကိုကျော်ကျော်အောင် (ခ) ကိုချက်လေးပါ ခင်ဗျာ....
တရားစာအုပ်မျာကိုလှူတဲ့အလှူရှင်ကတော့ ကျွန်တော်တို့ အဖွဲ့ ရဲ့  ခေါင်းဆောင် ၁ဦးဖြစ်တဲ့ စကာင်္ပူ မှတာဝန်ခံ ကိုကျော်ကျော်အောင် (ခ) ကိုချက်လေးပါ ခင်ဗျာ....
စောင်တွေဝေဖို့  အလုအယက် ယူနေကြတာလေ....
အခုလို ပျော်ပျော်ရွင်ရွင်လှူခဲ့ကြပါတယ်...
အဲ့ .. ကြည့်ကြပါခင်ဗျာ ပိုးကောင်လေးက တထည်ပေးပြီး နှစ်ထည်ပြန်လုမယ်တဲ့.. အဲလိုတော့မကောင်းပါဘူးဗျာ...
ဧည့်သည်တော်မှတ်တမ်းမှာ စာသားလေးတွေရေးပြီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်... ပိုးကောင်းလေးကရေးတယ် ...ကျွန်တော်က ခေါ်ပေးတာပေါ့နော်....
ဧည့်သည်တော်မှတ်တမ်းမှာ ကျွန်တော် မရေးတတ်ရေးတတ်နဲ့ ပိုးကောင်ကိုရေးခိုင်းခဲ့ပြီး ကျွန်တော်ရယ် မသီတာရယ် ပိုးကောင်ရယ်
ဝင်းသူနိုင်ရယ် လက်မှတ်ထိုးခဲ့ပါတယ်...
ဝင်းသူနိုင်ရယ် လက်မှတ်ထိုးခဲ့ပါတယ်...
ကိုသိန်းသန်းဋ္ဌေး ကတော့ အဖွဲ့ ထဲမှာ အမြဲပါလာတော့မဲ့ ဆရာဝန်၁ယောက်ပါ မသီတာရဲ့ မောင်လေးလို့ ပြောပါတယ်....
သူလဲ တော်တော် ပျော်နေခဲ့ပါတယ်... ကျေးဇူးပါ ကိုဋ္ဌေးရေ...
သူလဲ တော်တော် ပျော်နေခဲ့ပါတယ်... ကျေးဇူးပါ ကိုဋ္ဌေးရေ...
တတိယအကြိမ်မြောက် အလှူအင်အားအဖွဲ့ ပဲဖြစ်ပါတယ်..အမြဲတမ်း အဲလိုစည်းစည်းလုံးလုံးဖြစ်စေချင်ပါတယ်.....အားလုံးစိတ်တူကိုယ်တူ တတ်နိုင်သလောက်ပါဝင်ကူညီ
ပေးကြလိမ့်လို့ မျှော်လင့်ပါတယ်.... True Donation အဖွဲ့  တည့်ရှိနေ သရွေ့ ပေါ့....
ပေးကြလိမ့်လို့ မျှော်လင့်ပါတယ်.... True Donation အဖွဲ့  တည့်ရှိနေ သရွေ့ ပေါ့....
ဝေဒနာသည် အဘိုးအိုးများကလဲ ကျွန်တော်တို့ အဖွဲ့ နဲ့  အတူပျော်ပျော်ပါးပါး ဓါတ်ပုံရိုက်ခဲကြပါသေးတယ်ဗျာ...
ပြန်ခါနီးကားပေါ်မတတ်ခင် အမှတ်တရပုံလေးပါ
ကျွန်တော်တို့ ကားထွက်သွားတော့ သူတို့ တွေ လက်ပြ နှုတ်ဆက်ရင်းကျန်ခဲ့ကြပါတယ်...
အားလုံးရင်ထဲမှာတော့ကြည်နူးပီတိတွေနဲ့ အလှူလေးအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်ခင်ဗျာ...
အားလုံးရင်ထဲမှာတော့ကြည်နူးပီတိတွေနဲ့ အလှူလေးအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်ခင်ဗျာ...
တတိယအုကိမ်အလှူ
UK
နှင်းသီတာအောင် - ပေါင် ၁၀
လမင်းခန့် - ပေါင် ၁၀
နှင်းရည် - ပေါင် ၄၀
မလေးရှားနိုင်ငံ
ကိုအောင်ကျော်ကျော် ဒလမြို့နယ် ညောင်ကုန်းရပ်ကွက် - RM ၇၅
ထွန်းနိုင် - RM၂၅
ဦးရွေမြ ( ပန်းချီးလက်ယာ ) - RM၂၅
ဌေးလွင် -RM၂၀
ဖြိုးမောင် -RM၂၀
အေးကို ( မလေးရှား ဆံပင်ညှပ်ဆိုင် ) -RM၅၀
ထွန်းထွန်းဝင်း -RM၅၀
ဦးတီ - RM၂၀
မင်းသက်ဇော်ဝင်း { ခ } ငရဲသား - Rm ၅၀
ကိုပီတာ - RM ၅၀
ရွေရိုး - RM ၁၅၀
ကိုသန်းထွန်းအောင် - RM ၅၀
စကာင်္ပူနိုင်ငံ
မဇင်လဲ့ဦး - S$၃၀
အလှူရှင်၁ဦး - S$ ၂၀
နန်းနန်း - S$ ၅၀
pooh & sumhar -S$ ၅၀
ဗညား -S$ ၁၀
မီးမိး -S$ ၁၀
ချောချော -S$ ၁၀
အေးအေးသင်း -S$ ၁၀
င်္င်္Fri Myar -S$ ၁၀
ကိုးရီးယားနိုင်ငံ
ကိုဆန်းမင်း (ဘူချွန်း) - ၀မ် ၁၀၀၀၀
ကိုဟိန်းသူရ - ၀မ် ၅၀၀၀၀
mikozan - ၀မ် ၁၀၀၀၀၀
မမေဖြိုးသူ - ၀မ် ၂၀၀၀၀
မနွယ်နွယ်ဝင်း - ၀မ် ၂၀၀၀၀
ကိုဇော်ထိုက် - ၀မ် ၁၀၀၀၀
ကိုဖြိုးထက်ကျော် - ၀မ် ၁၀၀၀၀
ကိုသန့် ဇင်ဦး - ၀မ် ၁၀၀၀၀
ကိုမြတ်သူ - ၀မ် ၂၀၀၀၀
ကိုသန့် ဇင်မောင် - ၀မ် ၂၀၀၀၀
ကိုထွန်းထွန်းဝင်း - ၀မ် ၂၀၀၀၀
ိုကျော်ကျော်ဝင်း (ရှီဟွန်း) - ၀မ် ၂၀၀၀၀
ကိုသက်ထွန်း (ဘူချွန်း) - ၀မ် ၁၀၀၀၀
ဟန်အိမင်း (vietnam) - ၀မ် ၁၀၀၀၀
ကိုဒီးဒီး (ဘူဖြောင်း) - ၀မ် ၁၀၀၀၀
မြန်မာနိုင်ငံမအိအိဇော် (ထားဝယ်) - ကျပ် ၃၀၀၀၀
မခင်သန္တာအောင်(friends အင်တာနက်ကဖေး) ၊ ကိုတင်အောင်မိုး - ၀မ် ၁၅၀၀၀၀ (အလှူရှင်မှ နောင်ဘ၀ဆက်တိုင်းချစ်ရသူနှင့် ပေါင်းဆည်းရပါလို၏ )
မပုံ့ပုံ့ခင်(တောင်ငူ ) - ကျပ် ၁၀၀၀၀
ဒူဘိုင်း
mikozan - Dirham ၁၀၀
ဇော်မင်းထွန်း - Dirham ၁၀၀
ရုရှား
မြတ်ကို - $ ၁၀
ကိုလေး (လုလင်) - $ ၅၀



























0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။