ကျွန်တော်တို့ ရဲ့  ဒုတိယမြောက်အလှူကို ၂၀-ဇွန်-၂၀၁၀ တွင် လှည်းကူးရှိ ရှလုံ ကျောင်းသို့ သွားရောက်လှူဒါန်းခဲ့တယ်လေ... အဲနေ့  မနက် ၈နာရီ မှာ အဖွဲ့ ကအဖွဲ့ ဝင်နဲ့  လိုက်ပါအကူအညီပေးမဲ့ သူငယ်ချင်းများအားလုံး လှည်းတန်းက IT လက်ဖက်ရည်ဆိုင်မှာ စု ကြတာပေါ့

ကျွန်တော် တို့ လှူ ခဲ့တဲ့
ပစ္စည်းများဖြစ်ပါတယ်. ဆန် အိတ် (၁၆) အိတ်နဲ့ အခြားလိုအပ်တဲ့ပစ္စည်းလေးတွေပေါ့ဗျ

မနက် ကိုးနာရီလောက်မှာ ခရီးစထွက်ဖို့  ကျွန်တော်တို့ တွေ ကားပေါ်ကို ပစ္စည်းများကိုတင်ကြပါတယ်

သွားလှူမဲ့ ကျောင်းလေးသို့ စတင်ထွက်ခွါနေပါပြီ ............. ကားသွားရင်းနဲ့  အဖွဲ့ သားတွေ ခုလိုပျော်ပျော်ရွင်ရွင်နဲ့ကလေးတွေ အတွက် သီချင်းလေးတွေတိုက်ရင်း နဲ့ ပေါ့

သွားရောက်လှူဒါန်းမဲ့ ကျောင်းလေးသို့  ကျွန်တော်တို့ ကားလေးရောက်၇ှိလာပါပြီ...

အဖွဲ့ ထဲက မိန်းမအာနိုး ပိုးကောင်တို့ တော့ အထုပ်တွေ သယ်ပြီး ကျောင်းထဲသို့ အပြေးအလွားကို ပြေးဝင်သွားပါပြီ.
အဖွဲ့ မှ အဖွဲ့ သားများကလဲ ဆန်အိတ်တွေ ၊ ကြက်သွန်အိတ်တွေကို သယ်ပြီးကျောင်းထဲသို့  ပို့ နေတာ တကယ်ကို အာနိုးကြီးတွေပါပဲဗျာ................

အဖွဲ့ ရဲ့  အမာခံ မန်ဘာတစ်ယောက်ဖြစ်တဲ့ ၀င်းသူနိုင်ပေါ့ သူလှူတဲ့ ဆပ်ပြာမှုန့် ထုပ်ကို ကြွားလို့  မဆုံးဘူးလေ သယ်ရင်းတို့ ရေ ကိုမိုးဒီကြီး ဆပ်ပြာမှုန့် ကြော်ငြာနေတာ လှဘူးနော်....ဟီး............

ကျွန်တော် ညီမလေး ဇင်လေး၁ယောက် ဘယ်အချိန် က ကလေးရသွားမှန်းတောင်မသိလိုက်ဘူးဗျား...

ကိုအောင်ခိုင်စိုး ၊ ကိုရဲ နဲ့  ကိုဝင်းသူနိုင်ပေါ့ ကလေးတွေဆော့ရအောင်ဆိုပြီး သူနိုင်ကိုယ်နိုင်အပြိုင်ကျဲပြီး အားရပါးရ တဖူးဖူး မှုတ်နေကြတာလေ တအားပါပဲ.... ဟီး......... ပူဖေါင်းကိုပြောတာနော်တလွဲမတွေးနဲ

ကလေးတွေနဲ့  ရင်းရင်းနှီးနှီး တွေ့ ဆုံနေချိန်မှာကျွန်တော်တို့ အဖွဲ့ ရဲ့  အထူးဧည့်သည်တော်ဒါနမိတ်အွန်လိုင်းဒါနအဖွဲ ရဲ့ အကြံပေးကိုလင်းလင်းကလဲ ကလေးတွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုကိုပေးဖို့ အားပေးစကားလေးတွေပြောကြားပေးခဲ့ပါတယ်...... ကျေးဇူးအများကြီးတင်ပါတယ်ဗျာ... နောက်လိုအပ်တာရှိရင် အကြံပေးပါဦးလို့  တောင်းဆိုပါတယ်ဗျာ............

တားကတော့ ကလေးတွေကိုမုန့် ဝေရင်းနဲ့  ပျော်ပျော်ပါးပါး ကစားခဲံရလို့ ပီတိဖြစ်လို့ မဆုံးပါဘူးဗျာ..........
ကလေးလေးတွေအဲလိုပျော်ရွင်မှုပေးခဲ့ရတဲ့အတွက် သူငယ်ချင်းအားလုံးကြည်နူး ခဲ့ရပါတယ်ဗျာ...
နော်နော် ၁ယောက်ကတော့ ကလေးတွေ ကစားဖို့ အားကြိုးမာန်တတ်စက္ကူတွေခေါက်နေတာပေါ့ဗျာ

သူ့ ကစားနည်းလေးကလည်းကလေးတွေကိုပျော်၇ွင်မှုတွေကိုပေးခဲ့ပါတယ်.... ကျေးဇူးပါ နော်နော်....

သူတို့ တွေ ကဲတော့ပါမယ်............
ဒိုနေရှင်းအဖွဲ့ နဲ့ မိဘမဲ့ ကလေးကျောင်းမှ အမျိုးသမီးလေးများနှစ်ဖွဲ့ ခွဲပြီး ဘောလုံကန်ခဲ့ကြပါသေးတယ်..... မကန်ခင် ဒိုနေရှင်းအဖွဲ့ က မိန်းကလေးတွေက ဘောကွဲအောင်ကန်မယ်လို့ ပြောသေးတယ်ဗျာ...... မလွယ်ဘူးဗျာ..... အမလေး အူယားလိုက်တာဗျာ... သူတို့ အနားကိုမကပ်ရဲတော့ဘူး...... ဟဲဟဲ ...........

တားတို့ ယောက်ျားလေးအဖွဲ့ လဲ ဘယ်နေလိမ့်မလဲဗျာ သေချာကိုအသင်းခွဲပြီး ဘောကန်တာပေါ့ တကယ်တော့ကလေးတွေ ထမင်းစားခါနီး များများစားနိုင်အောင်လို့ ပါ.. ဗိုက်ချောင်သွားအောင်ရည်ရွယ်လိုက်တာပါ..... တကယ် ဗိုက်ချောင်သွားတာကတော့ စောကြီးနဲ့  ၀င်းနိုင်သူ ၂ယောက်.... တော်သေးတယ် ထမင်းတွေ ကျန်သေးလို့ .... ဟီး
အားလုံးလဲ မောပန်းသွားကြပါပြီ.................. ဗိုက်တွေလဲ ဆာနေကြပါပီ

ထမင်း ပွဲ လေးလဲ အဆင်သင့်လေးဖြစ်နေပါပြီ....
ဝက်သားဟင်းနဲ့  အစိမ်းကြော် ၊ အချဉ်လေးလဲပါသေးတယ်..... အရည်သောက် ဟင်းချိုကလဲ တကယ်ကောင်းတဲ့လက်ရာဗျာ............ ကလေးတွေအတွက် အဲလိုကျွေးလိုက်နိုင်လို့  တကယ် ပျော်တယ်ဗျာ........... တဖွဲ့ လုံးလဲ ထပ်တူပဲ လို့  ခံစားမိတယ်ဗျာ............

သူတို့ လေးတွေတပါတ်မှ အသားဟင်းတကြိမ်ပဲစားရတယ်လို့ သိရပါတယ်... ဒါတောင် ငါးဟင်းကိုပဲစားရတာများပါတယ်... ခုလို အသားဟင်းကောင်းကောင်းလေးနဲ့  အဟဲ ဘောလုံးကလဲ ကန်ထားလေတော့ တီးလိုက်ကြတာ ခေါင်းတောင်မဖော်တော့ဘူး ....
အဲလို စားနေတာလေးတွေကြည်ပြီး တဖွဲ့ လုံးပီတိဖြစ်ကြလိမ့်မယ်လို့ ထင်ပါတယ်.....

ကလေးတွေ စားတာကိုကြည့်ပြီး ဗိုက်ဆာလာလို့ ဆိုပြီးတော့ အတင်းဝင်တောင်းစားတဲ့ ပိုးကောင်လေ ပလုပ်ပလောင်းနဲ့ ..... အားကျမခံ တဲ့နော်နော် ကလဲ ပန်းကန်ပြေးဆွဲလို့ မနည်းလိုက်လုထားရသေးတယ်... ဒိုနေရှင်းအဖွဲ့ ကလုပ်လိုက်ရင် ဖလန်းဖလန်းကိုထနေတာပဲ....ဟီး............

ကိုညီရေ သားကတော့ ၀က်သားတုံးကြီးကြည့်ပြီး မနေနိုင်တော့ဘူး ဆိုပီး ကလေးဆီကနေ ညီလေးကိုကြီးကို တစ်ကိုက်လောက်ကျွေးပါကွာဆိုလို့  ကလေးလေးက သူ့ ကိုခွံ ကျွေးနေတာလေ အဖွဲ့ ရဲ့ ဂျိုကာလေး ၀င်းသူနိုင်ပေါ့.....

ကလေးတွေကျွေးပြီးတော့ ကျွန်တော်တို့ အဖွဲ့ လဲ နေ့ လည် ၁နာရီထိုးနေတော့ ဆာဆာနဲ့ တီးလိုက်ကြတာ အကဲဆုံးနှစ်ကောင် ဖြစ်တဲ့ စောကြီးနဲ့ ၀င်းသူနိုင် နှစ်ယောက် ရဲ့  ပန်းကန်နှစ်ချပ်ဟာ ၄ပွဲ - ၅ပွဲ နဲ့ ဝင်းသူနိုင်မှ တပန်းကန် အသာနဲ့ အနိုင်ရရှိခဲ့ပါတယ်..... တော်သေးတာပေါ့ သူတို့ အကြောင်းသိလို့  တနပ်စာ အလှူငွေကို လုံလုံလောက်လောက် ကြိုးပေးထားမိလို့ သာပေါ့... ဒါတောင်မှ မသီတာက ထမင်း၁ပန်းကန်ကို ၁နာရီခွဲကြာအောင် ထိုင်စားလို့  မနည်းလှော်ရသေးတယ်... ဟီးးးး ..နောက်တာနော် မသီတာ စိတ်ဆိုးနဲ့ နော် .....

ပြန်ခါနီး အချိန်ကလေးတွေနဲ့  နှုတ်ဆက်ဖို့ ကိုလင်းတို့ တိတ်တဆိတ် သီချင်းတိုက်နေကြတာလေ... ကျွန်တော်တို အရမ်းကြိုက်တဲ့  တို့ ချစ်တဲ့ ကမ္ဘာဆိုတဲ့သီချင်လေးပေါ့.... နော်နော် နဲ့ ကိုလင်းကတော့စိတ်ပါလက်ပါကို လေ့ကျင့်နေခဲ့ပါတယ်...

ထမင်းစားလို့ ပြီးသွားတဲ့အချိန်မှာ တော့အမာခံအဖွဲ့ ဝင်မဟုတ်ပေမဲ့  အဖွဲ့ ရဲ့ ကိစ္စတိုင်းကို လိုက်လံကူညီခဲ့တဲ့ မသီတာက ကလေးတွေကို ကဗျာလေးတွေ သင်ပေးခဲ့ပါသေးတယ်.....
အထူးကျေးဇူးတင်ပါတယ် မသီတာရေ......

ဝင်းသူနိုင် ကသကြားလုံးဝေပေးတော့ မသီတာနဲ့ မျိုးကျော်သူ ကလေးတွေနဲ့ အတူဝင်တန်းစီတယ်လေ သူတို့ လေ ကလေးတွေထက်ပိုဆိုးနေတယ်.....ဟီး....... သူတို့ လဲကလေးပဲလေ... အိမ်ထောင်မှမကျသေးတာ.....

နော်နော် ကတော့ ဒန်အိုးထဲထည့်ပြီး သကြားလုံးဝေနေပါတယ်.... လုဝေနေတာ အဖွားကြီးအတိုင်းပဲ ... ဒန်အိုးက သူထက် နည်းနည်းပိုကြီးနေသလားလို့ .....

ပြန်ခါနီးနောက်ဆုံးအချိန်မှာ ကျွန်တော်တို့ တဖွဲ့ သားလုံးကလေးတွေနဲ့ အတူသီချင်းလေးတွေဆိုခဲ့ကြပါတယ်...နောက်ဆုံးပြန်ခါနီးလေးမှာတော့ အားလုံးရင်ထဲ မှာ လှူခဲ့ရတဲ့အတွက် ၀မ်းသာမှုပီတီဖြစ်ရသလို .... သနားစရာကလေးတွေအတွက်လဲ ကြေကွဲမှုလေးတွေကိုယ်စီနဲ့  သီချင်းလေးဆိုပြီးနှုတ်ဆက်ခဲ့ကြပါတယ်....

ကလေးတွေကလဲ ကျွန်တော်တို့ ကို နှုတ်ဆက် သီချင်းဆိုပြီး နှုတ်ဆက်နေကြတယ်လေ.... တကယ်ကို ကြေကွဲမိပါတယ်....

ဒီပုံလေးကတော့ကျွန်တော်တို့ နောက်ဆုံးလူအစုံစုပေါင်းပြီး ရိုက်ထားတဲ့ပုံလေးပါ...... ကလေးတွေကိုအုပ်ချုပ်သူကတော့ တိုင်ကိုမှီပြီး ရပ်နေတဲ့ မသန္တာဖြစ်ပါတယ်....

ကျွန်တော်တို့ ပြန်တဲ့အခါ ကျွန်တော်တို့ ကားနောက်ကိုပြေးလိုက်ပြီး လက်လေးတွေပြပြီး နှုတ်ဆက်ကျန်နေခဲ့တဲ့ ကလေးတွေကိုကြည့်ပြီး မျက်ရည်ဝဲခဲ့ရပါသေးတယ်ဗျာ.... သူတို့ လေးတွေအတွက်တော့ တလစာတော့ပြည့်စုံလုံလောက်အောင်လုပ်ပေးနိုင်ခဲ့ပြီပေါ့ဗျာ.....

ကျွန်တော်တို့ ယခုအောင်မြင်စွာပြီးဆုံခဲ့တဲ့ပွဲလေးမှာ ပါဝင်ကူညီပေးခဲ့ကြသော် သူငယ်ချင်များနဲ့  ပြည်တွင်းပြည်ပမှာရှိတဲ့ အလှူငွေ ထည့်ဝင်ကြသောစေတနာ့အလှူရှင်များ ၊ အမာခံမန်ဘာများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်... နောက်လာမယ့်ပွဲ များမှာလဲ ဆက်လက်ပြီး ပါဝင် ကူညီလှူဒါန်းပြီး လက်တွဲကူညီ ကြပါဦးလို့  ကျွန်တော်ညီညီ နှင့်ချန်လေးမှ မေတ္တာရပ်ခံအပ်ပါတယ်... ကျွန်တော်တို့ ဒီပို့ စ်လေးကို ပထမဆုံးရေးဖူးခြင်းဖြစ်တဲ့အတွက် အမှားအယွင်းများရှိလျှင် ခွင့်လွတ်နားလည်ပေးကြပါရန် တောင်းပန်လိုက်ပါတယ်... အားလုံးသောသူငယ်ချင်းများလည်း ခင်မင်ရင်းနှီးစွာဖြင် TRUE DONATION အဖွဲ့ သို့ ဝင်ခဲ့ဖို့ ရင်းနှီးစွာဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ.

ဒုတိယအုကိမ်အလှူ
နိုင်ငံအလိုက် အလှူရှင်နာမည် များ
စကာင်္ပူနိုင်ငံ
bukom island - S$ ၁၀၀
ကိုမင်းဇင် - S$၂၀
မဇင်လဲ့ -S$၃၀
ကိုသိန်းနီုင်ဦး+မမိုးစန္ဒာ - S$ ၂၀
ကိုကျော်သူထက် - S$ ၃၀
ကိုသန်းမင်းစိုး- S$ ၁၀၀
မလေး၇ှားနိုင်ငံ
ကိုထွန်းနိုင် - RM ၂၅
ကိုစောမောင်မောင် -RM ၁၀
ကိုငရဲသား - RM ၁၀
ဦးရွေမြ - RM၂၅
ကိုစောဖိုးထူး -RM ၁၀
ကိုသန်းထွန်းအောင် - RM ၁၂၃
နှင်းပွင့်ဖြူ+ Ma Sandyshwe sandyshwe.shawe180@gmail.com & hninpwint.sandy@gmail.com - RM ၁၅၀
ကိုစိုးထက် (soethat078@gmail.com) - RM၅
ကိုမွန်လေး (monlay69@gmail.com) -RM၂၀
ကိုထွန်းနိုင် (state.arakan@gmail.com) -RM ၅၀
ရင်ဆန်း (dinnisbig702007@gmail.com) -RM ၁၀
ကိုပီတာ -RM ၄၅၀
ကိုစည်သူ (smith.hling@gmail.com) - RM၂၀
ဂျပန်နိုင်ငံ
ကိုကျော်ကျော်ဦး - ယမ် ၃၀၀၀
Keiko NAKAO SAN -ယမ် ၁၀၀၀၀
UK နိုင်ငံ
မနှင်းရည် - £10
မနှင်းသီတာအောင် - £10
မောင်တိုးနေ၀င်း - £10
Dr. တင်တင်မာ - £20
Dr. နီလာစိန့် - £10
Dr. ခင်မူမူကျော် - £10
Dr. ချိုချိုဆင့် - £10
Dr. ချိုချို - £10
မလမင်းခန့် - £10
မစန်းစန်းဝင်း - £5
Dr. မင်းစိန် - £20
ဂျာမနီနိုင်ငံ
ကိုကောင်းကင်မိုးတိမ်- S$ 136
ကိုရီးယားနိုင်ငံ
မဇင်မာလွင် - ၀မ် ၂၀၀၀၀
ဦးမောင်မောင်တင်နှင့် ဒေါ်သန်းကြူ - ၀မ် ၅၀၀၀၀
ဦးဝင်းမြင့်နှင် ဒေါ်ယုယုဆွေ -၀မ် ၃၀၀၀၀
Su Sandi Wynn -၀မ် ၃၀၀၀၀
Chit Too June -၀မ် ၂၅၀၀၀
မြန်မာနိုင်ငံ
UMFCCI မှအလှူရှင်များ - ကျပ် ၄၀၀၀၀
အလှူရှင် (၁) ဦး - ကျပ် ၁၁၅၀၀

Posted in: အလှူမှတ်တမ်း

0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။