Photo to Change from Folder
Folder တွေမှာ မိမိရဲ့ ဓါတ်ပုံလေးနဲ့ အစားထိုးချင်တယ်။ ရလား။ သိပ်ရသပေါ့ ကိုယ့်လူရာ လို့ ပြောပြီး လုပ်ပြလိုက်တယ်။ မိတ်ဆွေလဲ တော်တော် ကျေနပ်သွားတယ်။ စာဖတ်သူများလဲ လုပ်ချင်ရင် အောက်နည်းအတိုင်းသာ လုပ်ပေတော့။
အဆင့်(၁)
၁) Start က All Programs ကနေ Paint ကို ဖွင့်ပါ။
၂) Paint ပေါ်လာရင် Open ကနေ မိမိတို့ လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်။
၃) ဓါတ်ပုံပေါ်လာရင် Save As လုပ်။ Save As Box ပေါ်လာရင် File name မှာ ပေးချင်ရာပေး။ နောက်က ico လေး ထည့်ပေး။ (ဥပမာ - myphoto.ico ပေါ့)
၎) Save as type မှာ 24-bit Bitmap (*bmp,*dib) ကိုရွေးပြီး မိမိနှစ်သက်ရာမှာ Save လိုက်ပါ။
အဆင့်(၂)
၁) မိမိတို့ ပြောင်းချင်တဲ့ Folder ကို Right Click လုပ်ပါ။ Properties ကို ရွေး။
၂) Box ကျလာရင် Costoumize ကို ရွေး။ Change Icon ကို နှိပ်။ Brown ထဲမှာ ပထမက မိမိတို့လုပ်ထားတဲ့ ပုံကို ရွေးလိုက်။
၃) Ok ။ Apply ။ Ok ပေါ့။ ဒါဆို ပြီးပြီ။

Secure for Your PC

Local Disk , Folder, File တွေကို Lock ချတာ၊ Password ပေးပြီး Secure လုပ်တဲ့နေရာမှာ သုံးတဲ့ ဆော့ဝဲလ် လေးပါ။ Cbox က လာအော်ထားတာရယ်၊ www.mmitd.com မှာ တွေ့ရှိတာရယ်၊ မိမိ ဘလော့မှာ သိမ်းဆည်းထားချင်တာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Download လုပ်ယူရာတွင် အခက်အခဲ မရှိစေရန်အတွက် ဆောင်ရွက်ပေးထားပါတယ်။ Crack file ဖိုင် ပါပါတယ်။ သုံးနည်းကို အားလုံး သိလိမ့်မယ် ထင်ပါတယ်။ လိုအပ်သူများ Download လုပ်ယူပါ။

0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။