
စိတ်မကောင်းစရာ ၀မ်းနည်းတုန်လှုပ်စရာများကို ရုတ်ချည်း ဖြစ်ပေါ်စေခဲ့သည့် ဆိုးဝါး ကြမ်းတမ်းလှသော Level 9 ဆန်ဒိုင်းငလျှင်နှင့် ဆူနာမီကြောင့် ဂျပန်နိုင်ငံမှ လူအသေအပျောက်စါရင်းမှာ တစ်သောင်းကျော်ပြီဟု ခန့်မှန်းခြေ သေစါရင်း ထုတ်ပြန်ခဲ့၊ နိုင်ငံတကာမှ အကူအညီပေး ကယ်ဆယ်ရေး အဖွဲ့များနှင့်အတူ အနံခံ ခွေးများ ရောက်ရှိလာ
ထိုသို့ ငလျှင်လှုပ်ခတ်မှုနှင့်အတူ ဆူနာမီပါ တဆက်တည်း ၀င်ရောက်မှုကြောင့် ယခုဆိုလျှင် လူပေါင်း ၁သန်းကျော်သည် ရေနှင့် လျှပ်စစ်မီး ပြတ်လတ်မှုကို ရင်ဆိုင်နေရကာ ကယ်ဆယ်ေ၇း လုပ်ငန်းများကိုလည်း အပူတပြင်း ဆောင်ရွက်လျက် ရှိနေကြပြီ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး အဆိုးဝါးဆုံး ကြမ္မာဆိုးကို ရင်ဆိုင်လိုက်ရသော ဘေးဒုက္ခခံ ဒေသများရှိ အဆောက်အဦးပျက်များနှင့် အခြားသော ကယ်ဆယ်ရှင်းလင်းရေး လုပ်ငန်းများကို လူ စက်ယန္တာယား အစုံဖြင့် ဖယ်ထုတ်ရှင်းလင်းရင်း ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေခဲ့သည်။
အတည်မပြုနိုင်သော စစိတမ်းကောက်ယူချက်အရ လူတစ်သောင်းကျော် သေဆုံး ပျောက်ဆုံးနေပြီး အစိုးရဘက်မှ ကောက်ယူထားသော စစ်တမ်းအရ ၅၄၇နှင့် အထက် သေဆုံးသွားပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ပျက်ဆီး ဆုံးရှုံးမှုကြောင့် ဒေါ်လာ ကုဋေငါးသိန်း သို့မဟုတ် ငါးထရီလီယံ အထိ ဆုံရှုံးမှု ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
သောကြာနေ့ ငလျှင်ပြီးနောက် တနင်္ဂနွေနေ့ နံနက်ပိုင်းမှစကာ ဂျာမဏီနှင့် ဆွတ်ဇာလန်နိုင်ငံတို့မှ ကယ်ဆယ်ရေး အဖွဲ့များ တဖွဲဖွဲ ရောက်ရှိလာခဲ့သလို တရုတ်နှင့် ကိုရီးယားနိုင်ငံတို့မှလည်း ကယ်ဆယ်ရေး တပ်ဖွဲ့များ အသီးသီး ရောက်ရှိလာခဲ့ကြသည်။ ဂျာမဏီမှ အဖွဲ့ဝင် ၄၁ဦးအပါအ၀င် အနံခံရှာဖွေရေး ခွေးသုံးကောင်၊ ဆွတ်ဇာလန်နိုင်ငံမှ ကယ်ဆယ်ရေးလုပ်သား ၂၇ဦးအပါအ၀င် အနံခံရှာဖွေရေး ခွေး ၉ကောင်နှင့် တရုတ်နိုင်ငံမှ ကယ်ဆယ်ရေး ၀န်ထမ်း ၁၅ယောက်တို့ အသီးသီး ရောက်ရှိ လာခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံမှလည်း ကယ်ဆယ်ရေး ၀န်ထမ်း ၇၂ယောက် ပါဝင်သော အုပ်စုတစု ရောက်ရှိလာခြဲ့ပီး အနံခံခွေးများ မှာလည်း များမကြာခင် ရောက်ရှိ လာတော့မည်ဟု သိရသည်။ “နိုင်ငံတကာက ကယ်ဆယ်ရေးအတွက် လာရောက်ကူညီပေးကြတဲ့ အတွက် ကျွန်တော် အနေနဲ့ အရမ်းကို ကျေးဇူးတင်ရှိရပါကြောင်း” စနေနေ့ညနေက ၀န်ကြီးချုပ် နာအိုတိုခမ်းက ပြောကြားသွားခဲ့သည်။ နိုင်ငံခြားရေးရာဝန်ကြီးကလည်း ဂျာမဏီနှင့် ဆွတ်ဇာလန်မှ ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် Tome, Miyagi တို့တွင် အဓိကထား ဆောင်ရွက်သွားကြမှာ ဖြစ်ပြီး အမေရိကန်မှ ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် Ofunato တို့တွင် တာဝန်ယူ သွားလိမ့်မည်ဟု ပြောကြားသွားခဲ့သည်။
ရှရှား၊ ပြင်သစ်၊ ဗြိတိန်နှင့် နိုင်ငံတကာ ကြက်ခြေနီကော်မတီ အပါအ၀င် နိုင်ငံပေါင်း ၆၉နိုင်ငံမှ အကူအညီပေးရေးအတွက် ကမ်းလှမ်းခဲ့ကြသည်။ ထိုသို့ များပြားလှသော နိုင်ငံများမှ အကူအညီပေးရေး ကမ်းလှမ်းလာခဲ့သော်လည်း ဂျပန်နိုင်ငံအနေဖြင့် ယခုလို ကမ်းလှမ်းမှု အကုန်လုံးကို လက်ခံနိုင်သည့် အနေအထား မတိုင်မှီ သဘာဝဘေးအန္တရယ် ရင်ဆိုင်နေရသော ဇုံအတွင်း နေရာချထားပေးမှုများကို ချိတ်ဆက်မိအောင် ဦးစွာဆောင်ရွက်ဖို့ လိုအပ်နေသေးကြောင်း ဂျပန်အစိုးရက ပြန်လည်ဖြေကြားခဲ့ရသည်။

United States Geological Survey မှ ထုတ်ပြန်ခဲ့သော ငလျှင်နှင့် ဆူနာမီ အခြေပြ မြေပုံ

နာဆာမှ ရိုက်ကူးထုတ်ပြန်လိုက်သော ငလျှင်နှင့် ဆူနာမီ မဖြစ်ပွားမှီနှင့် ဖြစ်ပွားပြီး ဂြိုလ်တု ဓါတ်ပုံ

ဂျပန်နိုင်ငံတ၀ှမ်းရှိ နူကလီယားဓါတ်အားပေး စက်ရုံများ တည်ရှိရာပြ မြေပုံ (အဆိုပါ မြေပုံအရ ညူကလီးယား ဓါတ်အားပေးစက်ရုံပေါင်း ၃၂ ခု ရှိသည်)

သောကြာနေ့ ဆူနာမီကြောင့် ပျက်စီးသွားသော ဖူကုရှီမားရှိ ညူကလီယားဓါတ်အားပေးစက်ရုံ (ကောင်းကင်ဓါတ်ပုံ)

ဖူကူရှီးမားမှ အပျက်အဆီးများ

ရဟတ်ယာဉ်ဖြင့် ဖူကူရှီမားညူကလီယား ဓါတ်အားပေးစက်၇ုံအနီး လှည့်လည်ကာ ကယ်ဆယ်ရေးအတွက် အပူတပြင်းဆောင်ရွက်နေပုံ

ညူကလီယား ဓါတ်အားပေးစက်၇ုံအနီးမှ နေထိုင်ခဲ့သူများကို ဓါတ်ရောင်ခြည်သင့်မသင့် ချက်ချင်းစမ်းသပ်စစ်ဆေးနေစဉ်

ရေလှိုင်းနဲ့အတူ ပါလာပြီး အိမ်ကြိုအိမ်ကြားလဲ ကားတွေ ထပ်လိုထပ် မှောက်လိုမှောက်နဲ့ ဖြစ်ပျက်သွားပုံ၊ ဂျပန်စစ်တပ်မှလည်း ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ်

















့




































0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။