.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Friday, February 4, 2011

ဝေဟင်လား..မြေပြင်လား..(က) တော့နေတယ်


** အရောင်အသွေးစုံလင်တဲ့ စွန်
မွဲခြောက်နေတဲ့ စွန်
လှလှပပတန်ဆာဆင်ထားတဲ့ စွန်
ဘယ်လို စွန် ပဲဖြစ်ဖြစ်
စွန်တိုင်းမှာ ကြိုးတော့ရှိတယ်....။

**မေတ္တာမှာ အသွားအပြန်မရှိပေမယ့်
ကြိုးတစ်ချောင်းမှာတော့ အလျားအနံရှိတယ်
ဘယ်လောက်ရှည်ရှည်ကျန်သေးသလဲ
ရုန်းနိုင်သမျှရုန်း...ဟိုးးဝေးဝေးထိ
မြင့်တက်နိုင်သရွေ့
စွန် တစ်ကောင် က မယ်....။

**ဝေဟင်မှာ က နိုင်သေးသရွေ့
ကိုယ်စွမ်းရှိသလောက် က မယ်
အနားတအားမကပ်ကြနဲ့
မှန်ဇာတွေ တလက်လက်ထ
ဂုဏ်သရေမြင့်တဲ့ စွန်တွေကြောင့်
မွဲခြောက်ခြောက် ခပ်မှိန်မှိန် ဒီစွန်လေး
ကြိုးပြတ်မှာ ကြောက်လှတယ်..။

**ခပ်ပြုံးပြုံးကနေတာ မြင်လို့
မရှုစိမ့်စရာ ခလုတ်တစ်ခုဖြစ်နေသလား
လေအသင့်မှာ ၀ဲပျံရတာ သဘာဝပါပဲကွယ်
မိုးဖွဲတွေ မများခင်
နှင်းစက်တွေ မကြွေခင်
တိမ်တိုက်တွေ မထူထပ်ခင်
ကိုယ့်ကြိုးနဲ့ ကိုယ် လွန်းထိုးနေကြရတာပဲ......။

**သနားစရာလား...
ဖားသတ္တ၀ါလား...
ကြေကွဲစရာလား..
ရင်နာစရာလား..
အနီးအနားက လေကိုတောင်
ဆံ့တငင်ငင် မ၀တ၀ မသေရုံရှုနေရသူပါ
ခြေမထိုး
နောက်ကျောကို မခုတ်လည်း
သံသရာဝန်တွေနဲ့တင်
ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်မိနေသူပါ...။

**မာယာတွေ အပလိန်း
လက်ညှိုးတွေ တ၀င့်ဝင့်နဲ့
စကားစစ်တွေ မထိုးကြပါနဲ့ကွယ်
ဝေဟင်မှာ နေရာကျပ်လာရင်
မြေပြင်မှာ ငြိမ်ငြိမ်သက်သက်အနားယူမယ်
လေအသင့်မှာ ၀ဲပျံတက်ချင်တက်မယ်
ကိုယ့်ရာသီဥတုနဲ့ကိုယ်
ရိုးရိုးသားသား ရုန်းကန်ကြရင် ကောင်းမယ်...။

**.................စွန်
....................စွန်
ဘယ်စွန်ပဲ ဖြစ်ဖြစ်
စွန်တိုင်းမှာ..ကြိုးတော့ရှိတယ်
ဝေဟင်လား....မြေပြင်လား
က....တော့...နေ...တယ်....။                ။

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More